Quintel Blogger theme

A free Premium Blogger theme from newbloggerthemes.com

လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်...

Tuesday, October 30, 2012

Buda

မြတ်စွာဘုရားနတ်ပြည်မှကြွချီလာပုံ

                    မဟာသကျမုနိ ဗုဒ္ဓဇနိယ ပွဲတော် အထူးတရားပွဲ ကျင်းပမည် 

 


ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂
ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် ၊ ကျောင်းကြီးလမ်း ရှိ မဟာသကျမုနိ ဘုရားကြီး (အဋ္ဌမ အကြိမ်မြောက်) ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတွင် တရားပွဲ ဓမ္မပူဇာ ကိုလည်း ၆ ညတိုင်တိုင် ကျင်းပ ပူဇော် သွားမည်ဖြစ်ရာ -

  • ၁-၁၁-၂၀၁၂ ရက်နေ့တွင် ဒေါက်တာ အရှင် ဉာဏိဿရ (သီတဂူဆရာတော်)
  • ၂-၁၁-၂၀၁၂ ရက်နေ့တွင် အရှင်သံဝရ (တောင်တွင်းကြီး ဆရာတော်)
  • ၃-၁၁-၂၀၁၂ ရက်နေ့တွင် အရှင် ဆန္ဒာဓိက (ရွှေပါရမီ တောရ ဆရာတော်)
  • ၄-၁၁-၂၀၁၂ ရက်နေ့တွင် ဘဒ္ဒန္တ သဒ္ဓမ္မတိတ္ထိသာရ (အောင်ဆန်း ဆရာတော်)
  • ၅-၁၁-၂၀၁၂ ရက်နေ့တွင် ဓမ္မဒူတ အရှင်ဆေကိန္ဒ
  • ၆-၁၁-၂၀၁၂ ရက်နေ့တွင် အရှင် ကုမာရ ဘိဝံသ (ဗန်းမော် ဆရာတော်)

တို့မှ တရားရေအေး တိုက်ကျွေးမည် ဖြစ်၍ ရပ်နီး ရပ်ဝေးမှ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား တရားတော်နာ ဖိတ်ကြား ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် ထားကြောင်း သိရှိရသည်။

 From:http://myawady-myawady.blogspot.com

Sunday, October 28, 2012

ကဗျာ




မနှိုင်းစမ်းပါနဲ့ 

မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ တခြားသူငါ့ကိုတွဲနေရင်းနဲ့ပါဟာ

ငါ နင့်ကို ချစ်တာ နင့်ရဲ့ဘေးမှာ ငါတစ်ယောက်တည်း ပေးဆပ်ရင်းနဲ့လေ…..။

မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ ချစ်သူဖြစ်ခွင့်မရခဲ့သေးပါဘူး
ငါနင့်ကို ချစ်တာ ချစ်သူဖြစ်ခွင့်ရရက်နဲ့ နင့်ရက်စက်မှုကို ခံစားရင်းနဲ့ပါ…..။

မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့အချစ်ဆိုတာကို နင်မသိသေးလို့ပါ
ငါနင့်ကို ချစ်တာ နင့်အချစ်ဆိုတာကို သိနေရက်နဲ့ပါ….။

မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့ဘ၀အကြောင်းနားလည်မှုမပေးရသေးပါဘူး။
ငါနင့်ကို ချစ်တာ နင့်ဘ၀အတွက် အားပေးရင်းနဲ့ပါ

နောက်ဆုံး…..မနှိုင်းစမ်းပါနဲ့
လူတစ်ယောက်ကို ချစ်နေရက်နဲ့ တခြားသူကို လက်တွဲထားတဲ့သူနင့်အချစ်ဆိုတာနဲ့
ကိုယ့်ချစ်သူရဲ့ရင်ထဲမှာ တခြားသူရှိနေရက် လက်တွဲမဖြုတ်ချင်တဲ့ ငါ့အချစ်ကို…..

In: ကဗျာ Posted By:



 ချစ်သူ…….  

မမေ့ပါနဲ့ ချစ်သူ
အလွယ်တကူ မေ့ပစ်ရအောင်
ငါတို့အချစ်တွေက မနေ့တနေ့က ဖြစ်တည်ခဲ့တာမှ မဟုတ်တာ…..။
မထားခဲ့ပါနဲ့ချစ်သူ
နင် အဆင်ပြေသလို ထားခဲ့ရအောင်
ငါက နင့်ကို မလေးမနက် ပြုမူခဲ့သူမှ မဟုတ်တာ….။
်နှုတ်မဆက်ပါနဲ့ ချစ်သူ
နင် ဒီလိုကျောခိုင်းခဲ့ရအောင်
နင်က ငါ့ရဲ့ ယာယီအိပ်မက်မှ မဟုတ်တာ…..။
မစိမ်းကားပါနဲ့ချစ်သူ
နင် ဖြစ်သလို ဆက်ဆံရအောင်
ငါက နင်ထင်သလို ပေါ့ပျက်ခဲ့သူမှ မဟုတ်တာ….။
မရက်စက်ပါနဲ့ ချစ်သူ
တယူသန်စွာ နင် ဆုံးဖြတ်ရအောင်
ငါက နားလည်မှု ခေါင်းပါးနေသူမှ မဟုတ်တာ….။
လမ်းမခွဲပါနဲ့ ချစ်သူ
နင် ငြိုငြင်စွာ အကြင်နာတွေမဲ့နေအောင်
ငါက နင့်အပေါ် အပြစ်တို့ ကျူးလွန်နေသူမှ မဟုတ်တာဟာ……။
In: ကဗျာ Posted By:  

 For :Thet Hter zaw

အပယ်ခံချစ်သူ 

ချစ်သူ..တဲ့..
တကယ်တော့..နာမည်ခံသက်သက်ပါ..
တခါတလေများ
မင်းဝမ်းနည်းလာတဲ့အခါ
ငါ့ရင်ခွင်ကိုတစ်ချက်လောက်သတိရကြည့်စမ်းပါ…
ငါ့ပခုံးအစုံက မင်းနားခိုဖို့အသင့်ရှိပေမယ့်…
မင်းတမ်းတမိလိုက်တာ..
ငါ..မှမဟုတ်တာ….
တခါတလေများ..
မင်းအားငယ်မိတဲ့အခါ…
ငါ့မျက်ဝန်းအစုံကို တမ်းတလိုက်စမ်းပါ…
ငါ့နှုတ်ခမ်းအစုံက နှစ်သိမ့်ပေးဖို့အသင့်ရှိနေပေမယ့်….
မင်းသတိရလိုက်တာ
ငါ..မှမဟုတ်တာ…
ငါ..ဟာ မင်းရဲ့ချစ်သူလား..
မင်းရင်ထဲကစကားသံကို
ခုထိကြားခွင့်မရှိသေးဘူး….
မင်းရဲ့အလွမ်းတွေကို
ခုထိ တွေ့ထိခွင့်မရသေးဘူး….
မင်းရဲ့ အချစ်တွေကို….
ခုထိ ခံစားခွင့်မရသေးဘူး….
အပယ်ခံချစ်သူသက်သက်မို့…
ငါ…မင်းရင်ထဲကတစ်နေရာကို
ခုထိ မပိုင်ဆိုင်နိုင်သေးဘူး………..
In: ကဗျာ Posted By: From.  http://www.poemscorner.com

 

Saturday, October 27, 2012

myanmar song











ရွန်းလမ်းချမ်းမြေ့ပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ကျေးဇူးတင်ပါသည်