Quintel Blogger theme

A free Premium Blogger theme from newbloggerthemes.com

လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်...

Sunday, December 2, 2012

နည်းပညာများ

        

 သင့်ရဲ့ ကွန်ပျူတာ window တက်တာကြာနေလို့ စိတ်ညစ်နေပါသလား??

 

               သင့်ရဲ့ ကွန်ပျူတာ window တက်တာကြာနေလို့ စိတ်ညစ်နေပါသလား ?
               ဘယ်လိုမြန်ဆန်အောင်ပြောင်းလဲ ပေးနိုင်မလဲ…..ဆွေးနွေးကြည့်ရအောင်ဗျာ
                Run box မှာ regedit ဟုရိုက်ပါ။ Register Editor ဆိုတဲ့ box ကျလာပါမယ်
              HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\control\
               Session manager\Memory management မှ prefetchparaters click
              လုပ်ပါ ညာဘက်က box ထဲမှာ Enable prefetcher
              ကိုထပ်ပြီး ရှာလိုက်ပါဦး တွေ့ပြီဆိုရင်တော့ right click ထောက်ပြီး
              modify ကိုရွေးပါ
              Edit Dword ဆိုတဲ့ box ထဲက value data မှာ မူလက ၃ နေရာမှာ
             ၅ လို့ပြောင်းရိုက်ပြီး
              Ok ပေါ့ဗျာ…..အခုဆိုရင် ညီအစ်ကို မောင်နှမတို့ ရဲ့
             ကွန်ပျူတာဟာ မြန်မြန်ဆန်ဆန်နဲ့ start နိုင်ပါပြီ..

Shutdown လုပ်သည့်ကြာမြင့်ချိန်ကို လျှော့ချခြင်း

   Windows XP ဟာ Shutdown လုပ်တဲ့အခါ ဖွင့်ထားတဲ့ Open Applications တွေနှင့် Services တွေကိုအရင် Shutdown(Kill ပိတ်ပစ်) ရပါတယ်။ ၎င်းလုပ်ရပ်နဲ့ပတ်သက်ပြီးတော့ Windows XP ရဲ့ Registry မှာ သိမ်းထားတဲ့ Value နှစ်ခု ရှိပါတယ်။ အဲ့ဒီ Setting ရဲ့ Value တွေပေါ့ဗျာ။ ၎င်းတို့ကို လျှော့ချပေးခြင်းဖြင့် Windows XP ရဲ့ Shutdown လုပ်တဲ့အချိန်တွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အပိုင်း (၄) ပိုင်းရှိပါတယ်။ (၁။)   ပထမပိုင်း ယခုအပိုင်းကတော့ Shutdown လုပ်တဲ့အခါမှာ ပွင့်နေတဲ့ Open Applications တွေကို Kill လုပ်တဲ့ အချိန်အတွက် Setting ကိုသတ်မှတ်မှာဖြစ်ပါတယ်။    ၁။   REGEDIT ကိုဖွင့်ပါ။    ၂။   “HKEY_CURRENT_USER\ControlPanle\Desktop” ကိုသွားပါ။    ၃။   “WaitToKillAppTimeout” Vale ရှိတဲ့နေရာမှာ Highlight လုပ်ပါ။ ၎င်း Value ဟာပုံမှန်ဆိုရင် 20000 လောက်ဖြစ်တတ်ပြီး ၎င်းကို 1000 ထားပါ။    ၄။   နောက်တစ်ခုက “HungAppTimeout” Value မှာ Highlight လုပ်ပါ။ ၎င်း Value ကို 100 ထားပေးပါ။ (၂။)   ဒီဒုတိယပိုင်းကတော့ သင့် System ရဲ့အားလုံးသော User တွေနှင့်သက်ဆိုင်တဲ့ Setting ကိုပြင်တာဖြစ်ပါတယ်။ ဦးတည်ချက်ကတော့ ပထမ Setting နဲ့အတူတူပဲဖြစ်ပါတယ်။    ၁။   REGEDIT ကိုဖွင့်ပါ။    ၂။   “HKEY_USERS\DEFAULT\ControlPanel\Desktop” ကိုသွားပါ။    ၃။   “WaitToKillAppTimeout” Value ဆီသွားပါ။ ပုံမှန် Value ဟာ 20000 လောက်ဖြစ်တတ်ပြီး ယခုတော့ 1000 ပဲထားပါ။    ၄။   နောက်တစ်ခါ “HangAppTimeout” Value ဆီသွားပါ။ ၎င်းကို 100 ပဲထားပါ။ (၃။)   ဒီတတိယပိုင်းမှာတော့ Windows ဟာ ကျွန်တော်တို့ဆီက Shutdown command ကို လက်ခံရရှိပြီး အမှန်တကယ် Shutdown မလုပ်ခင်စပ်ကြားမှာ Active ဖြစ်နေတဲ့ Services တွေကို  Shutdown လုပ်ရတဲ့အချိန် လျှော့ချတဲ့အပိုင်းဖြစ်ပါတယ်။    ၁။   REGEDIT ကိုဖွင့်ပါ။    ၂။   “HKEY_LOCAL_MACHINE\SYSTEM\CurrentConsoleSet\Control” ဆီကိုသွားပါ။    ၃။   “WaitToKillServiceTimeout” ကိုရွေးပါ။ ၎င်း Value ကို 1000 ပဲထားပါ။ (၄။)   ဒီအပိုင်းမှာတော့ Windows XP ဟာကျွန်တော်တို့ဆီက Shutdown command ကိုလက်ခံရရှိပြီးနောက်ပိုင်းမှာ တစ်ခု (သို့) တစ်ခုထက်ပိုပြီး Crash ဖြစ်နေခြင်း၊ Respond မလုပ်ခြင်းဖြစ်နေတဲ့ Application တွေကိုအဆုံးသတ်ဖို့ User ဆီကနေ Approve လုပ်ဖို့ကို Report မလုပ်တော့ပဲ ၎င်း Applications တွေကို Auto Close လုပ်ပါလို့ Registry မှာသွားပြောပေးမှာပါ။    ၁။   REGEDIT ကိုဖွင့်ပါ။    ၂။   “HKEY_CURRENT_USER\ControlPanel\Desktop” ကိုသွားပါ။    ၃။   “AutoEndTasks” ကိုရွေးထားပြီး Value ကို 1 ပြောင်းပါ။    ၄။   ဒီ Setting ကို “HKEY_USERS\DEFAUT\ControlPanel\Desktop”  မှာလည်းသွား change ပေးပါ။    ၅။   ကဲ XP ဟာအခုကစပြီး Hang ဖြစ်နေတဲ့ Applications တွေကို User က ဘာ Input မှလုပ်စရာမလိုပဲ Auto Close လုပ်စေမှာဖြစ်ပါတယ်။

 

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။ တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။ ကဲ……ဒီပြဿနာကို ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။ memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့…… ..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။ ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကာ များနဲ့ အအေးခံ စနစ်ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံး မှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။ ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။ ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့ Start>Programs>Accessories>System Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။ Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော် များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက… software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော် များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။ ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။ Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now နဲ့စစ်လည်းဖြစ်ပါတယ်။  from:akarphyoe

                                              









                                

0 comments:

ရွန်းလမ်းချမ်းမြေ့ပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ကျေးဇူးတင်ပါသည်