Quintel Blogger theme

A free Premium Blogger theme from newbloggerthemes.com

လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်...

Tuesday, October 30, 2012

Buda

မြတ်စွာဘုရားနတ်ပြည်မှကြွချီလာပုံ

                    မဟာသကျမုနိ ဗုဒ္ဓဇနိယ ပွဲတော် အထူးတရားပွဲ ကျင်းပမည် 

 


ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂
ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် ၊ ကျောင်းကြီးလမ်း ရှိ မဟာသကျမုနိ ဘုရားကြီး (အဋ္ဌမ အကြိမ်မြောက်) ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတွင် တရားပွဲ ဓမ္မပူဇာ ကိုလည်း ၆ ညတိုင်တိုင် ကျင်းပ ပူဇော် သွားမည်ဖြစ်ရာ -

  • ၁-၁၁-၂၀၁၂ ရက်နေ့တွင် ဒေါက်တာ အရှင် ဉာဏိဿရ (သီတဂူဆရာတော်)
  • ၂-၁၁-၂၀၁၂ ရက်နေ့တွင် အရှင်သံဝရ (တောင်တွင်းကြီး ဆရာတော်)
  • ၃-၁၁-၂၀၁၂ ရက်နေ့တွင် အရှင် ဆန္ဒာဓိက (ရွှေပါရမီ တောရ ဆရာတော်)
  • ၄-၁၁-၂၀၁၂ ရက်နေ့တွင် ဘဒ္ဒန္တ သဒ္ဓမ္မတိတ္ထိသာရ (အောင်ဆန်း ဆရာတော်)
  • ၅-၁၁-၂၀၁၂ ရက်နေ့တွင် ဓမ္မဒူတ အရှင်ဆေကိန္ဒ
  • ၆-၁၁-၂၀၁၂ ရက်နေ့တွင် အရှင် ကုမာရ ဘိဝံသ (ဗန်းမော် ဆရာတော်)

တို့မှ တရားရေအေး တိုက်ကျွေးမည် ဖြစ်၍ ရပ်နီး ရပ်ဝေးမှ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား တရားတော်နာ ဖိတ်ကြား ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် ထားကြောင်း သိရှိရသည်။

 From:http://myawady-myawady.blogspot.com



သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။

ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။

အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

ကပ်သုံးပါးဆိုသည်မှာ

(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။

ရပ်ပြစ်ရှစ်ပါးဟူသည်ကား

၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။

ဝိပတ္တိတရားလေးပါးဆိုသည်ကား
(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ- (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရားငါးပါးဆိုသည်ကား

(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်တရား
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်တရား
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည် From:khinmaungsoe
ရွန်းလမ်းချမ်းမြေ့ပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ကျေးဇူးတင်ပါသည်