Quintel Blogger theme

A free Premium Blogger theme from newbloggerthemes.com

လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်...

Sunday, July 14, 2013

Linuxကြောင့် ရပ်တည်နေနိုင်ခဲ့တဲ့ အရာများ


Linuxဆိုတာ ရာနှုန်းပြည့် ပြည့်စုံမှု မရှိဘူးလို့ သင်ထင်ပါသလား။ Apple OS Xနဲ့ Microsoft Windows OSတွေဟာ Linuxကတစ်ဆင့် အခြေခံ ပေါက်ဖွားလာတဲ့ စနစ်တွေပါ။ Linux Foundationရဲ့ အုပ်ချုပ်ရေး ဒါရိုက်တာ Jim Zemlinရဲ့ ပြောကြားချက် အရတော့ “ခင်ဗျားတို့ နေ့တိုင်း Linuxကို အသုံးပြုနေပါတယ်၊ ဒါပေမယ့် ဘယ်လို သုံးနေလဲ၊ ဘယ်ပစ္စည်းတွေလဲ ဆိုတာကိုတော့ ခင်ဗျားတို့ မသိပါဘူး”လို့ ဆိုပါတယ်။ ကဲ
ဒီတော့ Jim Zemlinရဲ့ ပြောကြားချက် မှန်ရဲ့လား၊ သူဘာကြောင့် အထက်ပါ အတိုင်းပြောတာလဲဆိုတာ အောက်ပါ Linuxစနစ်သုံး ပစ္စည်းတွေကို သင်မြင်ရင် သိလောက်ပြီပေါ့နော်။
(၁) Androidစနစ်သုံး Tabletနဲ့ ဖုန်းတွေအားလုံး Linuxက အခြေခံ ထုတ်လုပ်လာကြရတယ်။
(၂) သင် အသုံးပြုနေတဲ့ TiVoကို Linuxနဲ့ စွမ်းအင် ထောက်ပံ့မှုပေးတယ်။
(၃) ကမ္ဘာတစ်လွှားလုံးမှာ ရှိတဲ့Supercomputerတိုင်း Linuxရဲ့ စွမ်းအင်စနစ်ကိုသာ အသုံးပြုကြတယ်။
(၄) ဂျပန်ရဲ့ ကျည်ဆံရထားစနစ်မှာ Linux Softwareစနစ်တွေ သုံးထားတယ်။
(၅) နိုင်ငံကြီးတွေက ကားလမ်းကြောင်းရှင်းလင်း ထိန်းကျောင်းရေးတွေမှာ Linuxက အရေးကြီးတယ်။
(၆) Toyotaက သူ့ရဲ့ကားတွေ ဒီဇိုင်းဆွဲဖို့ Linuxကို အသုံးပြုရတယ်။
(၇) အစားအသောက်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ Linuxက အသုံးဝင်နေတယ်။
(၈) နယူးယောက် စတော့ ဈေးကွက်ရဲ့ စွမ်းအင်စနစ်ကို Linuxက ထိန်းချုပ်ထားတယ်။
(၉) အမှုန်တွေနဲ့ ပတ်သက်တဲ့ စွမ်းအင်ထုတ် စနစ်တွေကို Linuxက ကူညီလုပ်ဆောင်နိုင်တယ်။
(၁၀) လေကြောင်း အချက်ပြထိန်းချုပ်ရေး စနစ်တွေမှာလည်း Linuxပဲ သုံးကြတယ်။
(၁၁) နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ လည်ပတ်နိုင်ဖို့ Linuxလိုအပ်တယ်။
(၁၂) Google, Amazonနဲ့ Facebookတွေအားလုံး Webနဲ့ Cloud၀န်ဆောင်မှုတွေ အားလုံးအတွက် Linuxကို သုံးရတယ်။

http://www.myanmarict.com

0 comments:

ရွန်းလမ်းချမ်းမြေ့ပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ကျေးဇူးတင်ပါသည်